Takt Op.Destiny


Name Takt Op.Destinty
Status Aired (Oct 5 2021 to Dec 22, 2021)
Studio MAPPA X Madhouse
Number of episodes Unknown
Genres  Action, Fantasy, Music

ဇာတ်လမ်းအညွှန်း

Music,Fantasy ဇာတ်လမ်းလေးဖြစ်ပြီး ပရိတ်သတ်အချစ်တော် Mappa studio ကနေထွက်ရှိလာမှာပဲဖြစ်ပါတယ်
ထူးခြားတာက Mappa က ဒီတစ်ခါ သီးသန့်လုပ်မှာမဟုတ်ပဲ Madhouse studio နဲ့ပါပူးပေါင်းလုပ်ထားတာပါ
Action,Adventure ဖြစ်တဲ့အပြင်ကိုမှ သံစဉ်တွေကိုခံစားပြီး Fantasy ဆန်ဆန်ကြည့်ရမယ်ဆိုတာကလည်း တော်တော်ကိုမိုက်နေပါတယ်
ဒါ့အပြင်ကိုမှ Anime နဲ့အတူ Game ကပါ တစ်ပြိုင်တည်း ထွက်ရှိလာဦးမှာပါ
ကဲ..ဇာတ်လမ်းအကျဉ်းလေးကတော့

ကမ္ဘာမြေပေါ်ကို သံနက်ဥက္ကာခဲ တစ်လုံးကျလာပြီး ကြီးမားတဲ့ ပြောင်းလဲမှုတွေဖြစ်လာရာကနေ ဇာတ်လမ်းစတင်ခဲ့ပါတယ်၊ထိုဥက္ကာခဲအတွင်းကနေမှ D2 လို့ခေါ်တဲ့ထူးဆန်းတဲ့
သတ္တဝါကြီးတွေဟာ ထွက်ပေါ်လာခဲ့ပြီး စတင်သောင်းကျန်းတိုက်ခိုက်ခဲ့ကြပါတယ်။ ထိုသတ္တဝါကြီးကို ဖျက်စီးနိုင်တဲ့ တစ်ခုတည်းသောအရာကလည်း သီချင်းနဲ့ သံစဉ်တွေဆိုတာသိနေတဲ့အတွက် D2 တွေဟာ
ထိုအရာတွေကို ဖျက်စီးပါတော့တယ်
ဘယ်လိုပဲဖြစ်နေပါစေ တစ်ချို့လူတွေကတော့ သူတို့တွေကို ဆန့်ကျင်ခဲ့ကြပါတယ်။သူတို့တွေကတော့ Musicart လို့ခေါ်ပြီး သံစဉ်ရဲ့စွမ်းအားတွေကို လက်ခံထားတဲ့မိန်းကလေးတွေပဲဖြစ်ပါတယ်
အဲ့အပြင်ကိုမှ ထိုမိန်းကလေးတွေကို ဦးဆောင်ပေးနေတဲ့ Conductor လို့ခေါ်တဲ့ လူတွေလည်းရှိနေပါသေးတယ်။ သူတို့ဟာ မွန်းစတားတွေကို တိုက်ခိုက်နိုင်တဲ့ သင်္ကေတတွေကို ကိုင်ဆောင်ထားကြသူများဖြစ်ပါတယ်။
ဒီ Anime ဟာ America ရဲ့ 2047 ခုနှစ်အပေါ်မှာ အခြေခံထားပြီး ထို D2 တွေရဲ့ ကျေးဇူးကြောင့်ပဲ သူတို့ကိုတိုက်ခိုက်ရင်း Takt ဆိုတဲ့ Conductor လေးဟာ Destiny လို့ခေါ်တဲ့
Musicart တစ်ယောက်နဲ့ ပါတနာတွေဖြစ်ခဲ့ကြပါတယ်။Takt ဟာ မွန်းစတားတွေကြောင့် ပျောက်ဆုံးခဲ့ရတဲ့ ဂီတနဲ့ သံစဉ်တွေ ကမ္ဘာပေါ်ကိုပြန်လည်ရောက်ရှိဖို့ ရည်ရွယ်ချက်ရှိပြီး Unmei ကတော့
D2 တွေကို ဖျက်စီးနိုင်ဖို့အတွက် မျှော်လင့်နေပါတယ်
သူတို့နှစ်ယောက်ရဲ့ ရည်ရွယ်ချက်တွေတစ်ကယ်ဖြစ်လာမှာလား ကံကြမ္မာကရောဘာတွေစောင့်ကြိုနေဦးမလဲဆိုတာကတော့ စောင့်မျှော်ကြည့်ရှုလိုက်ကြပါ....