Komi-san wa, Comyushou desu.


Name Komi-san wa, Comyushou desu.
Status Aired  (Oct 6, 2021 toDec 23, 2021)
Studio OLM
Number of episodes Unknown
Genres  Comedy, Slice of Life, School

ဇာတ်လမ်းအညွှန်း

ပေါင်းသင်းဆက်ဆံမှု ညံ့ဖျင်းတယ်ဆိုတဲ့ပြဿနာက ဖြေရှင်းဖို့ခက်ခဲပါတယ်။ ဒါပေမဲ့ ဒီပြဿနာက လူတွေနဲ့ စကားမပြောချင်တာမျိုးမဟုတ်ပဲ သူတို့နဲ့ပြောဆိုဆက်ဆံဖို့ ခက်ခဲတယ်ဆိုရုံပါပဲ။ ဒီဇာတ်ကားလေးရဲ့ အဓိက ဇာတ်ကောင်မိန်းကလေးဖြစ်တဲ့ Komi-san ဟာ ဒီပြဿနာနဲ့ ရင်ဆိုင်နေရသူတစ်ဦးပါ။ သူ့ရဲ့အလှက မြင်သူတိုင်းငေးမောရပြီး နက်မှောင်ရှည်လျားတဲ့ ဆံနွယ်လေးတွေကို ပိုင်ဆိုင်ထားသူဖြစ်တာကြောင့် သူ့ရဲ့ကျောင်းစတက်တဲ့ပထမဆုံးနေ့မှာပဲ သူ့အလှဂုဏ်သတင်းဟာ တစ်ကျောင်းလုံးကို ပြန့်နှံ့သွားပါတော့တယ်။
ဒီဇာတ်လမ်းရဲ့အဓိက ဇာတ်ကောင်ယောကျ်ားလေးဖြစ်တဲ့ Hitohito Tadano ကတော့ ပြဿနာတွေကို ဝေးဝေးကရှောင်ပြီး အေးအေးဆေးဆေးနေတတ်တဲ့ ကျောင်းသားလေးတစ်ယောက်ပါ။ ပြဿနာတွေကိုရှောင်ချင်နေတဲ့သူဆီကိုမှ ပြဿနာတွေက ရွေးပြီးရောက်လာတယ် ဆိုတဲ့အတိုင်း ကျောင်းသူသစ်လေး Komi-san လို အလှပဂေးလေးက သူ့ဘေးမှာထိုင်ရတာကြောင့် တစ်တန်းလုံးရဲ့ မကျေမနပ်ဖြစ်တာကို ခံလာရပါတယ်။
ဒီလိုနဲ့ တဖြည်းဖြည်းချင်း Komi-sanရဲ့ ပေါင်းသင်းဆက်ဆံမှုခက်ခဲတဲ့ ပြဿနာတွေကို Tadano သိပြီးတဲ့နောက်မှာ Komi-san ကို သူငယ်ချင်းအယောက်တစ်ရာရအောင် ကူညီပေးမယ်လို့ ကတိပေးလိုက်ပါတယ် ။ Komi-san ကရော တကယ်ပဲ သူငယ်ချင်းအယောက်တစ်ရာ ရလာမှာလား...Tadano နဲ့ Komi-san တို့ရဲ့ ဆက်ဆံရေးကရော ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ အပါတ်စဥ်စောင့်မျှော် ကြည့်ရှူလိုက်ပါ။