Bai Yao Pu (Fairies Album)

Name Bai Yao Pu (Fairies Album)
Status Aired (Apr 25, 2020  to Jul 4,2020)
Studio Haoliners Animation League
Number of episodes 12
Genres  Adventure, Fantasy, Mystery, Supernatural

ဇာတ်လမ်းအညွှန်း

ပဟေဠိဆန်သည့် ဝိညာဥ်သမားတော်တစ်ယောက်။ မိစ္ဆာအားလုံးရဲ့ ကယ်တင်ရှင်ဖြစ်သလို မိစ္ဆာတိုင်းရဲ့ အိပ်မက်ဆိုးလည်း ဖြစ်နေတဲ့သူမ။ မက်မွန်မိစ္ဆာ တောက်ယောင်ဟာ ကိုရင်လေးတစ်ပါးနဲ့အတူ လောကကြီးထဲ လှည့်လည်သွားလာရင်း မိစ္ဆာရာချီစွယ်စုံကျမ်းကို ရှာဖွေနေသူဖြစ်တယ်။ 

တောက်ယောင်ဟာ တောက်မြို့တော်က ဝိညာဥ်သမားတော်တစ်ယောက်ဖြစ်တယ်။ တစ်လောကလုံးမှာ အတော်ဆုံး ဝိညာဥ်သမားတော်အဖြစ် အသိအမှတ်ပြုခံထားရသူဖြစ်တယ်။ သူ့ကို 'ကောင်းလည်းမကောင်း ဆိုးလည်းမဆိုးတဲ့သူ'အဖြစ် ဖော်ပြရမှာဖြစ်တယ်။ အကြောင်းကတော့ သူဟာသူ့စိတ်အခြေအနေအပေါ်မူတည်ပြီး ဝိညာဥ်တွေကို ဆေးကုပေးမလား သတ်ပစ်မလား ဆုံးဖြတ်တတ်လို့ပါပဲ။ သူ့ရဲ့လက်ကောက်ဝတ်မှာ ဝတ်ဆင်ထားတဲ့ အသံမဲ့ခေါင်းလောင်းကို တောက်ယောင်ရဲ့အမှတ်အသားအဖြစ် ယူဆကြတယ်။ 

တောက်ယောင်ကိုခေါ်ချင်တယ်ဆိုရင်တော့ နေမကောင်းဖြစ်နေတဲ့မိစ္ဆာက အဆောင်စာရွက်ကိုမီးရှို့ပြီး အသိပေးရပါတယ်။ တောက်ယောင်ရဲ့ စည်းကမ်းတစ်ခုကတော့ သူဆေးကုပေးလိုက်တဲ့လူနာတွေဟာ သူ့ရဲ့ဆေးဖြစ်လာဖို့အတွက် ကတိပေးရပါတယ်။ နောင်တောက်ယောင်အလိုရှိတဲ့အခါ အဲဒီလူနာတွေက သူတို့ရဲ့ခြေ၊လက်၊မျက်လုံးကစလို့ သူအလိုရှိတဲ့ အရာရာကိုပေးရမယ်လို့ဆိုလိုတာပါပဲ။