Kaguya-sama Love is War : First Kiss wa owaranai

Name Kaguya-sama Love is War : First Kiss wa owaranai
Status Aired (Dec 17, 2022)
Studio A-1 Pictures
Number of episodes 4
Genres  Comedy, Drama, Romance

ဇာတ်လမ်းအညွှန်း

恋愛 は 戦! (အချစ်ဆိုတာ စစ်ပွဲပဲ) ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး နာမည်ကြီး ဂုဏ်သိက္ခာအစဉ်အဆက်နဲ့ အစဉ်အလာမပျက် ထွန်းတောက်တဲ့  Shuuchi ကျောင်းတော်ကြီးရဲ့ ကျောင်းကောင်စီ ဥက္ကဌ နဲ့ ဒု-ဥက္ကဌ တိုရဲ့ အချစ်ဇာတ်လမ်းကို နောက်ခံထားတဲ့ Ro-Comedy Anime ဟာ အခုဆိုရင် Season 3 အထိ ခရီးရောက်ခဲ့ပြီး Season 4 လို နာမည်တပ် ခေါ်နိုင်လောက်မဲ့ အထိရောက်ရှိလာပါပြီ။

အရင် Season 1 နဲ့ Season 2 တိုမှာ ဘယ်ဘက်ကဖွင့်ပြောအောင် ဉာဏ်ပြိုင်ရင်း မာန်ခုတ်ရင်းနဲ့ မြိုသိပ် ဖိသိပ်ထားခဲ့တဲ့ အချစ်စိတ်တွေက Season 3 မှာ ပွင့်အာလာပြီး Season 3 Final Episode ဟာ My anime list ရဲ့ ပထမနေရာကို fullmetal alchemist ကို ကျော်ပြီး ပထမရခဲ့တဲ့ Episode ပါ။ ဒါဟာ ကြီးကျယ်တဲ့ Kaguya-sama ရဲ့ မှတ်တိုင်ပါ။

ကြီးကျယ် တင့်တယ်လွန်းတဲ့ Kaguya-sama ဟာ အခု ထပ်ထွက်လာပါပြီ။ ။

ယခု Season အတွက် Opening Song ကိုလည်း

Season 1: Love Dramatic

Season 2: Daddy Daddy Go

Season 3: Giri Giri တိုကို သီဆိုပေးခဲ့တဲ့ Masayuki Suzuki ojii-san ကပဲ အစဉ်အလာမပျက်ဘဲ

Season 4: Love is Show ကိုလည်း ယခင်နည်းတူ အလန်းစား vibe အပျံစား rhyme တိုနဲ့  သီဆိုပေးဦးမှာပါ။

Kaguya နဲ့ Shirogane တို့နှစ်ယောက် အနမ်းပေးပြီးနောက်ပိုင်း ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရှုရမှာပါ ။