Jahy-sama wa Kujikenai ( The Great Jahy will not be Defeated)


Name Jahy-sama wa Kujikenai 
Status Aired (Aug 1, 2021 to Dec 19, 2021)
Studio SILVER LINK.
Number of episodes 20
Genres Comedy, Supernatural, Shounen

ဇာတ်လမ်းအညွှန်း

ဇာတ်လမ်းလေးကတော့ Demon နိုင်ငံတော် ရဲ့ဒုတိယအာဏာအရှိဆုံး Demon king ရဲ့လက်ထောက်တစ်ဦးဖြစ်တဲ့ Jahy ဟာ သူ့လက်အောက်ခံတွေကို အကြောက်တရားနဲ့ အုပ်ချုပ်သူဖြစ်ပါတယ်။
       တနေ့မှာတော့ မှော်စွမ်းအားရှင်မလေး တစ်ယောက်က
စွမ်းအားတွေအများကြီးရှိတဲ့ မှော်၀င်ကျောက် ကိုတိုက်ခိုက်ဖျက်စီးလိုက်တဲ့အချိန်မှာ Demon နိုင်ငံတော် တစ်ခုလုံးလည်းပျက်စီးသွားခဲ့ပါတယ်။ ဒီလိုနဲ့ Jahy တစ်ယောက် သူမရဲ့စွမ်းအားတွေဆုံးရှုံးသွားပြီး လူ့ပြည်မှာ ကလေးတစ်ယောက်ပုံစံ အဖြစ်ဆက်လက်ရှင်သန်ခဲ့ရတယ်။ 
     Demon နိုင်ငံ ပြန်လည်ထူထောင်ဖို့နဲ့ သူမရဲ့ မူလစွမ်းအား၊ မူလပုံစံ ပြန်လည်ရရှိဖို့အတွက် Jahy ဟာလူ့ပြည်မှာ မှော်၀င်ကျောက်တွေ ပြန်လည်စုစည်းဖို့ ကြိုးစားပါတော့တယ်။ ဒါပေမယ့်လည်း စုဆောင်းတဲ့နေရာမှာ Jahy ဟာအရင်ကမကြုံဖူးတဲ့ ပြဿနာတွေကို နေ့တိုင်းရင်ဆိုင်ခဲ့ရပါတယ်။ အိမ်ငှားခပေးဖို့ နောက်ကျလို့ လတိုင်းအိမ်ရှင်နဲ့ရန်ဖြစ်ရတာတွေ အစရှိတဲ့ သူမထင်ထားတာတွေကို Jahy တစ်ယောက် စိတ်ဓာတ်လုံးဝမကျဘဲ ပြဿနာတွေကို ဘယ်လိုကိုင်တွယ် ဖြေရှင်းသွားမလဲ ဆိုတာစောင့်မျှော်ရှုစားလိုက်ပါ....