Tantei wa Mou, Shindeiru


NameTantei wa Mou, Shindeiru
StatusCompleted
StudioENGI
Number of episodes 12
Genres Mystery, Drama, Romance, Comedy

ဇာတ်လမ်းအညွှန်း

Kimizuka Kimihiko ဆိုတဲ့ကောင်လေးဟာ သူ့အနားမှာ ပြဿနာတွေ အမြဲဝန်းရံခြင်း ခံနေရသူဖြစ်ပါတယ်။ မှုခင်းနေရာမှာ မပါသင့်ဘဲ ပါသွားတာတွေ ၊ ဆေးခြောက်ရောင်းဝယ်ရေးကို မတော်တဆ မြင်တွေ့သွားမိတာတွေ စသဖြင့် အတော်လေး ကံမကောင်းရှာပါဘူး။ အဲ့ဒါကြောင့် တစ်နေ့ သူစီးလာတဲ့ လေယာဉ်ပျံဟာ အရေးပေါ် အခြေအနေဖြစ်ပြီး စုံထောက်တစ်ယောက်အမြန်လိုအပ်လာခဲ့ပါတယ်။ ဒါပေမယ့် Kimizuka ကတော့ အရှုပ်အရှင်းတွေကြား ဝင်မပါမိအောင် ရှောင်ဖို့‌ကြိုးစားခဲ့ပေမယ့် Siesta ဆိုတဲ့ သူမဟာ စုံထောက်ဖြစ်ကြောင်း ကြေညာတဲ့ ငွေရောင်ဆံသားနဲ့ မိန်းကလေးတစ်ယောက်ရဲ့ ကြားဖျက်တာခံလိုက်ရပါတယ်။ ဒီလိုနဲ့ Kimizuka ဟာ မထင်ထားဘဲ Siesta ရဲ့ စုံထောက်လက်ထောက်အဖြစ် ဆွဲသွင်းတာ ခံလိုက်ရပါတယ်။

အဲ့ဒီ အဖြစ်အပျက်ဟာ သူတို့နှစ်ယောက်ရဲ့ ခမ်းနားတဲ့ခရီးရဲ့ အစလည်းဖြစ်ပါတယ်။ ကမ္ဘာအနှံ့လျှောက်သွားရင်း အသက်တွေကို စွန့်စားပြီး ဒုစရိုက် အဖွဲ့အစည်းတွေ ကပ်ဘေးတွေကို အတူတကွတားဆီးရင်း လူထောင်ပေါင်းများစွာရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ကြတယ်။ ဒါပေမယ့်လည်း သူတို့ခရီးရဲ့ အဆုံးသတ်ကတော့ သုံးနှစ်ကြာပြီး Siesta ရဲ့ အရွယ်မတိုင်ခင် သေဆုံးသွားမှု့ကြောင့်ပါပဲ။

အဲ့နောက်ပိုင်းမှာတော့ Kimizuka ဟာ ပုံမှန် အထက်ကျောင်းသား ဘဝကိုပြန်ရောက်သွားပြီး သူ့ဘဝကို တိတ်တဆိတ်လေးဘဲ ရှင်သန်ဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ကံမကောင်းမှု့ကတော့ အဆုံးမသတ်သွားခဲ့ပါဘူး။ ကံတရားရဲ့ စီမံရာလို့ ဆိုရမယ့်အတိုင်း တစ်နေ့ကျ ဆုံးပါးသွားတဲ့ Siesta လို လျှို့ဝှက်ဆန်တဲ့ မိန်းကလေးတစ်ယောက်ဟာ သူ့ဘဝထဲကို ဗြုန်းစားကြီး ရောက်ချလာပါတယ်။ ဘာဆက်ဖြစ်မယ်ဆိုတာကတော့ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း Page မှာ ဆက်လက်စီးမြောလိုက်ကြပါ။