Classroom of the Elite


NameClassroom of the Elite
StatusAired (Jul 12, 2017 to Sep 27, 2017)
StudioLerche
Number of episodes 12
Genres Psychological, Drama, School

ဇာတ်လမ်းအညွှန်း

Japanအစိုးရကိုယ်တိုင်တည်ထောင်ခဲ့တဲ့ Tokyo Metropolitan Advanced Nurturing ကျောင်းကြီးမှာ တက်ရောက်ကြတဲ့ကျောင်းသားတွေက ကျောင်းမှာပဲ ဘော်ဒါဆောင်သဘောမျိုးနေရပြီး အပြင်လောကနဲ့လုံးဝဆက်သွယ်ခွင့်မပေးထားပါဘူး။ကျောင်းအတွင်းမှာပဲ စျေးဆိုင်၊ရုပ်ရှင်ရုံတို့ကိုဖွင့်ပေးထားပြီး  ထူးခြားချက်တစ်ခုကတော့ ပိုက်ဆံနဲ့ဝယ်ရမှာမဟုတ်ပဲ ကျောင်းသားတွေလစဥ်ရတဲ့အမှတ်နဲ့ပေးဝယ်လို့ရတာပါ။ ကျောင်းတက်တဲ့ပထမလမှာပဲ သာမန်လူမသုံးနိုင်တဲ့ ယန်းတစ်သိန်း(အမှတ်တစ်သိန်း)ကိုကျောင်းသားအားလုံးအတွက်ပေးခဲ့ရာမှတော့ ကျောင်းသားတွေကဘာမှစဥ်းစားမနေတော့ပဲ စတင်ပြီး အသုံးအဖြုန်းကြီးလာပါတော့တယ်။ Ayanokoji ကတော့ ဒီဇာတ်လမ်းရဲ့ အဓိကယောကျ်ားလေးဇာတ်ကောင်ဖြစ်ပြီး ကောင်မလေးတွေကြိုက်ကြတဲ့ ခပ်အေးအေးအချေTypeနဲ့ လျှို့ဝှက်ချက်တွေများစွာရှိသူတစ်ဦးပါ။Suzune Horikita ကတော့ ဇာတ်လမ်းရဲ့အဓိက မိန်းကလေးဇာတ်ကောင်ဖြစ်ပြီးသူကလဲ Ayanokojiလိုပဲ ခပ်အေးအေးနေပြီး ဘယ်သူနဲ့မှသူငယ်ချင်းမဖြစ်လိုပဲ တစ်ယောက်ထဲနေချင်သူတစ်ဦးပါ။ ခပ်အေးအေးCharacterနှစ်ယောက်အမှတ်မထင်ပဲ ခင်မင်ရင်းနှီးလာတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်လာကြမလဲ? ကျောင်းကြီးကကော သာမန်အတိုင်းရိုးရိုးကျောင်းမဟုတ်ပဲ ထူးဆန်းမှုတွေရှိနေမလား? ကျောင်းသားတွေမှာကော ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေဦးမလဲ။

 ဒီAnimeလေးက သာမန်Anime​ကျောင်းကားတွေလို Romance,Comedyကို ဦးစားမပေးပဲ လောကကြီးမှာလက်တွေ့ကြုံတွေ့ရတဲ့အဖြစ်အပျက်မျိုးတွေကို ပညာသားပါပါ စိတ်ဝင်စားဖွယ်ရိုက်ကူးထားတာကြောင့် အားလုံးပဲ ကြည့်ကြည့်လိုက်ဖို့အကြံပေးချင်ပါတယ်နော်။