Seirei Gensouki: Spirit Chronicles


NameSeirei Gensouki: Spirit Chronicles
StatusCompleted
StudioTMS Entertainment
Number of episodes Unknown
Genres Action, Adventure, Harem, Drama, Romance, Fantasy

ဇာတ်လမ်းအညွှန်း

Seirei Gensouki (Spirit Chronicles) ဆိုတဲ့ကားလေးဟာ July လ အစောပိုင်း 5 ရက်နေ့မှာထွက်ရှိလာမဲ့ကားလေးလည်းဖြစ်ပြီး အမျိုးစားလေးကတော့ Action, Adventure, Harem, Drama, Romance, Fantasy အမျိုးစားပဲဖြစ်ပါတယ် ထုတ်လွင့်မဲ့ Studio ကတော့ Rent A Girlfriend ကိုင်ဖူးတဲ့ TMS Entertainment ဖြစ်ပြီး Harem + Drama ဆိုတာ ရှားပါးတဲ့ပေါင်းစပ်မှုအပြင် Studio ကပါ ဆိုးဆိုးရွားရွားတွေမရှိတဲ့ studio မို့စောင့်ကြည့်ရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော...

5 နှစ်အကြာတုန်းကသေဆုံးသွားတဲ့ Amakawa Haruto ဆိုတဲ့ကောင်လေးနဲ့ ထို 5 နှစ်အကြာ သူ့ရှေ့မှာတင် သူ့အမေ ရက်ရက်စက်စက်အသက်ခံလိုက်ရပြီး အမေ့အတွက်လက်စားချေချင်နေတဲ့ Rio ဆိုတဲ့ ကောင်လေး 2 ယောက်နဲ့ဇာတ်အိမ်တည်ထားပါတယ်

မတူညီတဲ့ကမ္ဘာနှစ်ခု မတူညီတဲ့လူနှစ်ယောက်နဲ့ မတူညီနဲ့အတိတ်တွေရှိကြတဲ့ သူနှစ်ယောက်ဟာ အကြောင်းရင်းတစ်ခုကြောင့် ပေါင်းစည်းဖို့ အကြောင်းဖန်လာပါတယ်။ သေဆုံးသွားပြီဖြစ်တဲ့ Haruto ရဲ့ မှတ်ဉာဏ်တွေနဲ့ အမူကျင့်တွေဟာ Rio လို့ခေါ်တဲ့ကောင်လေးဆီမှာ ပြန်လည်ရှင်သန်လာခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ မှတ်ဉာဏ်တွေနဲ့ အမူကျင့်တွေပေါင်းသွားတာကို သူတို့ကိုယ်တိုင်ကပဲ မယုံနိုင်ဖြစ်နေကြပါတယ်။ Rio ဟာ ထိုမှတ်ဉာဏ်တွေနဲ့ ဘဝအသစ်မှာနေထိုင်ဖို့ဆုံးဖြတ်ရင်း...

ထို့အပြင် Haruto ရဲ့မှတ်ဉာဏ်တွေနဲ့အတူ Rio ဟာ ထူးဆန်းတဲ့ စွမ်းအားတစ်မျိုးပါ နိုးထလာခဲ့ပါသေးတယ်။ သူဟာသူ့ စွမ်းအားကို ကောင်းကောင်းအသုံးချပြီး အေးအေးဆေးဆေးနေဖို့ ဆုံးဖြတ်လိုက်ပေမယ့်လည်း ကံတရားကြီးကတော့ဖြစ်မလာခဲ့ပါဘူး။ Bertram မြို့မှာနေထိုင်တဲ့ မင်းသမီးကို ပြန်ပေးဆွဲခံရတဲ့ကိစ္စနဲ့ Rio ဟာ အမှတ်မထင်ကြုံတွေ့ခဲ့ပါတယ်

မင်းသမီးလေးကို ကယ်တင်ပြီးတဲ့အခါမှာတော့ Rio ဟာ တော်ဝင်အကယ်ဒမီရဲ့ scholarship ကိုချီးမြင့်ခံခဲ့ရရင်း ချမ်းသာပြီး စွမ်းအားမြင့်တဲ့ကျောင်းတော်မှာ Rio တစ်ယောက်ဘယ်လိုကံကြမ္မာတွေစောင့်နေဦးမလဲ ဘာတွေဆက်ဖြစ်မလဲဆိုတာကို အပတ်စဉ်ကျွန်တော်တို့ Page မှာ စောင့်ကြည့်နိုင်ပါတယ်