Fairy gone Season 1 + Season 2


Fairy Gone

Name --- Fairy gone フェアリーゴーン

Episodes--- 24

Status--- Currently Airing

Aired ---  Apr 8, 2019 to ?

Genres ---Action, Demons, Supernatural, Magic,               
                 Fantasy

Duration --- 23 min

​ ဒီanimeအခြေခံတဲ့ကမ္ဘာမှာ Fairyတွေဟာ တိရိစ္ဆာန်တွေထဲဝင်နေပြီး တိရိစ္ဆာန်တွေဟာအထူးစွမ်းအင်တွေရရှိလာတယ်။ အဲ့ဒီFairyဝင်နေတဲ့တိရိစ္ဆာန်တွေရဲ့ခန္ဓာအစိတ်အပိုင်းတွေကို လူ့ကိုယ်မှာအစားထိုးရင် ထိုလူလည်းFairyကိုတစိတ်တပိုင်းဆင့်ခေါ်နိုင်ပြီးတော့ လက်နက်အနေနဲ့အသုံးပြုနိုင်တယ်။အဲ့လိုလူတွေကို Fairyစစ်သည်လို့ခေါ်ကြပြီးတော့ စစ်ပွဲတွေမှာအသုံးပြုလာခဲ့တယ်။ စစ်ပွဲကြီးပြီးသွားတဲ့အခါမှာ စစ်သည်တွေဟာ တချို့ကအစိုးရအတွက် တချို့ကမာဖီးယားတွေအတွက် တချို့ကသူပုန်တွေအတွက်အလုပ်လုပ်ပေးရင်း ကိုယ့်လမ်းကိုယ်ဖောက်လျှောက်ခဲ့ကြတယ်။

    ဒီကားရဲ့MCဖြစ်တဲ့ Marlyaက fairyနဲ့ဆိုင်တဲ့ပြစ်မှုတွေ၊မတော်တဆမှုတွေကိုစုံစမ်းရတဲ့ အဖွဲ့အစည်းကြီးDorotheaရဲ့ အဖွဲ့ဝင်အသစ်လေးဖြစ်ပါတယ်။ ဒီကားမှာတော့ Fairyစစ်သည်တွေရဲ့ကိုယ်ပိုင်တရားမျှတမှုအတွက်တိုက်ပွဲဝင်ပုံတွေကို တွေ့ရမှာဖြစ်လို့စောင့်ကြည့်ပေးဖို့မေတ္တာရပ်ခံအပ်ပါတယ်

(P.S-ဒီနေရာမှာပြောချင်တာက Fairyဆိုတာ နတ်သမီး၊နတ်သူငယ်ကိုဆိုလိုချင်တာမဟုတ်ပဲ ကျတော်ထင်တာကတော့ အကောင်တစ်မျိုးမျိုးကိုပြောချင်တာနဲ့တူတယ် လက်ရှိတော့သေချာတော့မသိရသေးပါဘူး။နောက်အပိုင်းတွေမှာတော့သေချာပေါ်လာမယ်ထင်ရပါတယ်)

#Reviewed by Aung Myat Min