Kono Oto Tomare S1+S2



Name Kono Oto Tomare
Status Aired (Apr 7, 2019 to Jun 30, 2019)
Studio Platinum Vision
Number of episodes 24
Genres  Drama, Music, School, Romance

ဇာတ်လမ်းအညွှန်း

ရွက်ဟောင်းတွေကြွေပြီးရွက်သစ်တွေဝေသလို အထက်တန်းကျောင်း ကြီးပြီးသွားတဲ့အခါမှာ ကလပ်စီနီယာ အကြီးတန်းတွေနေရာမှာ အငယ်ဂျူနီယာတွေအစားထိုးဝင်လာတာ မဆန်းပါဘူး။

ဒီကားရဲ့ MC ဖြစ်တဲ့ Takezou ဆိုတဲ့ဒုတိယနှစ်အထက်တန်းကျောင်းသားလေးဟာ Koto လို့ခေါ်တဲ့ ဂျပန်ရိုးရာစောင်းအသင်းမှာ တစ်ယောက်ထဲကျန်ခဲ့တဲ့ ဂျူနီယာအသင်းသားတစ်ယောက်ဖြစ်ပါတယ်။အကြီးတန်းတွေကျောင်းပြီးသွားတာကြောင့် အသင်းဝင်တွေနည်းပါးသွားတာနဲ့အညီနဂိုကထဲကလူစိတ်ဝင်စားမှု့လည်းနည်းပါးတာကြောင့် Takezou ဟာပထမနှစ်ကျောင်းသားသစ်တွေထဲမှာ အသင်းသားအသစ်တွေကိုလိုက်လံစုဆောင်းရပါတယ်။ ဒီလိုနဲ့တစ်ရက်မှာ ဘယ်နေရာကနေထွက်လာမှန်းမသိဘဲ ကျောင်းရဲ့လူမိုက်စာရင်းဝင်ကျောင်းသားသစ်တစ်ယောက်ဟာ အသင်းရဲ့စွန့်ပယ်ထားခံရတဲ့အခန်းထဲကိုဝင်လာပြီး အသင်းဝင်ချင်ပါတယ်လို့အတင်းတောင်းဆိုပါတယ်။

Takezou တစ်ယောက်အသင်းကို မပျက်သွားအောင်ဆက်လက်ထိန်းသွားနိုင်မလား ကျောင်းသားသစ်နဲ့ကော အဆင်ပြေသွားမလားဆိုတာကိုတော့ page မှာဆက်လက်ကြည့်ရှုကြပါ။