Carole & Tuesday





Name --- Carole and Tuesday

Episodes --- 24

Aired --- April 11,2019 to ?

Generes --- Sci-Fi, Music, Drama, Romance

ဒီတစ်ခါတော့ drama ကြိုက်တတ်တဲ့သူတွေအတွက် ongoing ကောင်းလေးကိုမိတ်ဆက်ပေးပါရစေ။ခုတော့မထွက်သေးပါဘူး ၁၁ ရက်နေ့ကျမှထွက်မှာပါ😅

Reviewed By Deku

Alba မြို့ရဲ့ နယ်စပ်မှာရှိတဲ့မြို့တစ်မြို့မှာနေထိုင်တဲ့ ကောင်မလေးတစ်ယောက်။ သူ့ရည်မှန်းချက်က ဂီတပညာရှင်ဖြစ်လာဖို့။ အချိနိပိုင်းအလုပ်လုပ်ရင်းနဲ့ သူ့ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်အောင်ကြိုးစားနေတဲ့သူ။ ဒါပေမယ့် သူ့စိတ်ထဲမှာ တစ်စုံတစ်ခုကအမြဲတမ်းပျောက်ဆုံးနေတယ်လို့ ခံစားနေရတဲ့ ကောင်မလေးတစ်ယောက်။ သူမနာမည်ကတော့ Carole.

Herschel မြို့ရဲ့လက်အောက်ခံမြို့တစ်မြို့မှာနေထိုင်တဲ့ ချမ်းသာတဲ့မိသားစုကနေ မွေးဖွားလာတဲ့ကောင်မလေးတစ်ယောက်။ သူမရဲ့ရည်မှန်းချက်လည်းပဲ ဂီတပညာရှင်ဖြစ်လာဖို့။ ဒါပေမယ့်သူမကိုဘယ်သူကမှနားမလည်ပေးနိုင်ကြဘူး။ ပြီးတော့လည်း အမြဲတမ်းတစ်ယောက်တည်းအထီးကျန်နေတယ်လို့ ခံစားနေရတဲ့သူ။ သူမနာမည်ကတော့ Tuesday.

တစ်နေ့ သူတို့နှစ်ယောက်တွေ့ဆုံဖို့ အခွင့်အရေးရလာတဲ့အခါ သူတို့တွေက သီချင်းတွေဆိုချင်ကြတယ်။ သီချင်းတွေလုပ်ချင်ကြတယ်။ သူတို့စီမှာအခွင့်အရေးရှိတယ်လို့လည်း ယုံကြည်ကြတယ်။ အစကတော့သူတို့နှစ်ယောက်ပေါင်းပြီးမှ လှိုင်းသေးသေးလေးပဲဖန်တီးလိုက်ကြတာပါပဲ။ ဒါပေမယ့် အဲ့လှိုင်းလေးက တစ်ဖြည်းဖြည်းကြီးလာတဲ့အခါ......ဘာဆက်ဖြစ်မလဲဆိုတာ page မှာ ၁၂ ရက်နေ့ညစောင့်ကြည့်ပေးကြပါ။

#bk

Click Here