Fate Zero S1+S2

                                          
                                                 


NameFate Zero
StudioUfotable
Duration28 mins per episode
Number of episodes 25 (Season 1 + Season 2)
Genres Action,Supernatural,Magic,Fantasy

Fate ဇာတ်လမ်းများ၏ ထုံးစံအတိုင်းပင် zero ဟာလည်း ဇာတ်အိမ်ချင်းအတူတူပါပဲ။ Holy Grail လို့ခေါ်တဲ့အရာကို ရဖို့အတွက်Master 7 ယောက်ဟာ Servant 7 ယောက်ကိုဆင့်ခေါ်ပြီးအချင်းချင်းတိုက်ခိုက်ကြတာ နောက်ဆုံး ကျန်တဲ့သူသာလျှင် Grail ကိုရနိုင်မှာပါ။  ထူးခြားတာက ဒီအထဲက ဇာတ်ကောင်အများစုဟာတခြားFate တွေလို အထက်တန်းကျောင်းသားတွေမဟုတ်ပါဘူး။ လူလတ်ပိုင်းတစ်နည်းအားဖြင့် သက်ကြီးပိုင်းတွေပါ။ Unlimited Blade Works ကိုကျော်ကြည့်ထားတဲ့သူတွေကတော့ ဒီထဲကဇာတ်ကောင်တစ်ချို့ကိုရင်းနှီးကြမှာပါ။ Emiya Shirou ရဲ့ မွေးစားဖခင် Emiya Kiritsugu, Rin ရဲ့ဖခင်  Toosaka Tokiomi နဲ့ဘုရားကျောင်းက လူဖြစ်တဲ့ Kotomine Kirei တို့ပဲဖြစ်ပါတယ်။ UBW မှာတော့ သူတို့ရဲ့ မျိုးဆက်တွေလက်ထက် Grail War ကိုပြသွားခဲ့ပြီး  ခုဒီမှာတော့ သူတို့ ခေတ်အားပြိုင်မှု့ကိုအကျယ်တင်ပြသွားမှာဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း

ကာလကား နှစ် ၆၀ တစ်ခါပေါ်လာမည့် အင်မတန်မှစွမ်းအားကြီးသော မည့်သည့်ဆန္ဒကိုမဆိုဖြည့်ဆည်းပေးနိုင်သည့် Holy Grail ကြီး ပေါ်ပေါက်လာရန်လေးနှစ်အလို  အင်အားကြီး မိသားစုများဖြစ်ကြသည့် Einzbern, Toosaka, နှင့် Matou တို့ပြင်ဆင်မှုများစတင်နေချိန်ဖြစ်သည်။အရင် Grail စစ်ပွဲများတွင်  အကြိမ်ကြိမ် ရှံးလာသော Einzbern ဘက်ကမူ ဒီတစ်ခေါက်တွင် အနိုင်ရစေရန် အပြင်လူတစ်ယောက်ကိုသူတု့ိ မိသားစုအတွင်းသို့ ခေါ်ကာ Grail အားရယူရန်ပြင်ဆင်နေပေသည်။ ခေါ်သောသူမှာလည်း အခြားမဟုတ်ပါ။မှော်ဆရာသတ်သမား ဟုနမည်ကြီးသည့် Emiya Kiritsugu ပင်ဖြစ်သည်။ ထို့အတူပင် Toosaka ဘက်မှာလည်း ဘုရားကျောင်းနှင့်အတူပူးပေါင်းကာ မိမိတို့ အနိုင်ရဖို့သေချာစေရန် ဆောင်ရွက်လျက်ရှိပေသည်။  Matou တို့ဘက်ကမူ မိမိတို့ကျွမ်းကျင်သော ပိုးကောင်အတတ်ပညာများအသုံးပြု၍ Grail အား တစ်နည်းနည်းဖြင့်ရယူရန်ပြင်
ဆင်နေပေသည်။

ဤသို့ဖြင့် လေးနှစ်တာ ကာလတဖြည်းဖြည်းကုန်ဆုံးလာသည်နဲ့အမျှရွေးချယ်ခံထားရMasters များနှင့်အတူ Servants များလည်းပေါ်လာခဲ့ပေသည်။ ထိုမှဆက်၍ မည်သို့မည်ပုံ အားပြိုင်ကျပုံ, မည့်သည့်servant က မည်သို့သောအစွမ်းများကို ထုတ်သုံးကြပုံနဲ့ မည်သူကGrail ကိုရသွားသလိုဆိုသည့် " မည်သို့" မေးခွန်းများကို ကိုယ်တိုင်နိုင်သိစေရန်ဆက်လက်ကြည့်ရှုလိုက်ပါ။