Brynhildr in the darkness

Brynhildr in the darkness

ဒီanime ကတော့ ကျတော်ကြည့်ဖူးတဲ့ school romance sci-fi genres တွေကနေ ကွဲထွက်နေတဲ့ တစ်ကားလို့ပြောလို့ရပါတယ်။ အဓိက ကတော့ Mystery ဆန်ဆန် နဲ့ ဇာတ်လမ်း အစကနေ အဆုံးထိ ဆွဲခေါ်သွားတဲ့ plot ရယ်( Waifu လေးတွေ cute ဖြစ်တာရယ် :XD) ကြောင့်ပါ။

Plot ကတော့ Ryota Murakami ဆိုတဲ့ ကောင်လေးဟာ ငယ်ငယ်တုန်းက သူရဲ့အချစ်ဦး Kuroneko နဲ့အတူ ညတိုင်း အဝေးကြည့်မှန်ပြောင်းနဲ့တခြားကမ္ဘာက ဂြိုလ်သားတွေကို ရှာလေ့ရှိပါတယ်။ Ryota ကတော့ တကယ်မရှိမှန်း ကိုသိပေမဲ့ သူ မကတော့ ဂြိုလ်သားတွေဆိုတာ တကယ်ရှိကြောင်း သူမနဲ့ တစ်ခါဆုံဖူးကြောင်း အမြဲတမ်းပဲပြောလေ့ရှိပါတယ် ။ တစ်ရက် Kuroneko က သူမရဲ့ ရိုးသားမှု့ကို သက်သေပြဖို့အတွက် Ryouta ကို ဂြိုလ်သားရှိတဲ့ နေရာ ခေါ်ပြမယ်လို့ ပြောခဲ့ပါတယ်။ အဲ့လိုနဲ့ သူတို့ သွားတဲ့လမ်းမှာ Kuroneko ဟာ မတော်တဆ ဖြစ်ပြီး ရုတ်တရတ် သေဆုံးသွားခဲ့ပါတယ် ။

Ryota ဟာ သူ့ကြောင့် သူမသေခဲ့ရတယ်ဆိုပြီး သူမလုပ်နေကြဖြစ်တဲ့ ဂြိုလ်သားတွေကို ဆက်လက်ရှာဖွေနေခဲ့ပါတယ်။ ဒီလိုနဲ့ ၁၀ နှစ်အကြာမှာတော့ သူတက်တဲ့ကျောင်းကိုNeko ဆိုတဲ့ ကျောင်းပြောင်း သူတစ်ယောက်ရောက်လာခဲ့ပါတယ်။ ထူးဆန်းတာက အဲ့ကျောင်းပြောင်း ကောင်မလေးဟာ သေသွားတဲ့ Ryota ရဲ့ ငယ်ရည်စား Kuroneko နဲ့တပ်ထပ်တည်းရူပ်တူနေပါတယ်။ ဒီလိုနဲ့ Ryotaရဲ့ ဘဝဟာ တစ်ဖြည်းဖြည်း လျှိ့ဝှက်အဖွဲ့ အစည်းတစ်ခုနဲ့ပတ်သတ်လာရပါတော့တယ်။ Neko ကရော Ryota ရဲ့ ကလေးဘဝက မတော်တဆသေသွားခဲ့တဲ့ ကောင်မလေးဖြစ်နေမလား…… ဂြိုလ်သားတွေကရာ တကယ်ပဲရှိနေလား…… Neko ဆိုတဲ့ကောင်မလေးကရော ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေမလဲ… လျှို့ဝှက်အဖွဲ့အစည်းနဲ့ကော ပတ်သတ်နေလား ………အစရှိတဲ့ အကြောင်းအရာတွေကို page မှာ ဆက်လက် စောင့်မျှော်ပေးကြပါ ………

Coming soon…… in Anime Universe MM

စာကြွင်း- waifu လေးတွေအကုန် ချောပါတယ်။ Uncer version ဖြစ်တဲ့အတွက် တချို့ ecchi အခန်းတွေက နည်းနည်းလေးကြမ်းပါတယ်။ အဲ့တာလေးတော့ ကြိုပြောထားပါရစေ 

ep 01

ep 02

ep 03

ep 04

ep 05

ep 06

ep 07

ep 08

ep 09

ep 10

ep 11

ep 11.5

ep 12

ep13(end)