Fate/Grand Order: Shuukyoku Tokuiten - Kani Jikan Shinden Solomon


ဇာတ်လမ်းအညွှန်း

FGO ဇာတ်လမ်းကျောရိုးကိုတော့ အရင်ထွက်ခဲ့ဖူးတဲ့ FGO Movie တွေ, Anime တွေမှာ တွေ့ခဲ့ပြီးဖြစ်မှာပါ။
ဒီတစ်ခုဟာတော့ အဲ့ဒီ စလာတဲ့ဇာတ်လမ်းရဲ့ အဆုံးတစ်နေရာလို့ပြောရမယ့် Final Singularity လို့ခေါ်နိုင်တဲဇာတ်လမ်းဖြစ်ပါတယ်။
အဲ့တော့ ဒီဇာတ်လမ်းအကြောင်းကို မပြောခင်မှာ အရှေ့မှာရှိခဲ့တဲ့ FGO ဇာတ်လမ်းအကြောင်းကို နည်းနည်း အကြမ်းဖျင်းပြန်ခေါ်ပါမယ်။
Chaldea ကနေပြီးတော့ လူသားမျိုးနွယ်ရဲ့နောက်ဆုံး Master ဖြစ်တဲ့ Fujimaru Ritsuka နဲ့ Demi-Servant ဖြစ်တဲ့ Mashu Kyrielight တို့ဟာ Singularity တွေကိုလာပြီးတော့ ပြင်ဆင်ရတဲ့အကြောင်းကို ပထမဆုံး FGO Movie မှာ သိရမှာဖြစ်ပါတယ်။ အဲ့တာကိုတော့ Singularity F - Flame Contaminated City: Fuyuki
လို့ခေါ်ပါတယ်။ အဲ့ Movie ပြီးနောက်မှာတော့ Singularity တစ်ခုပြီးတစ်ခုကို ရင်ဆိုင်လာခဲ့ရပါတယ်။ သူတို့ ကျော်ဖြတ်လာခဲ့ရတဲ့ Singularity တွေကတော့

First Singularity - Hundred Years' War of the Evil Dragons: Orleans

Second Singularity - Eternal Madness Empire: Septem

Third Singularity - Sealed Ends of the Four Seas: Okeanos

Fourth Singularity - The Mist City: London

Fifth Singularity - North American Myth War: E Pluribus Unum

Sixth Singularity - Divine Realm of the Round Table: Camelot

Seventh Singularity - Absolute Demonic Front: Babylonia

အစရှိတာတွေပဲဖြစ်ပါတယ်။ 
အဲ့ Singularity တွေထဲမှာ Seventh Singularity ဖြစ်တဲ့ Babylonia ဟာ Anime အဖြစ်ထွက်ခဲ့ပြီးပြီဖြစ်ပါတယ်။ Sixth Singularity ဖြစ်တဲ့ Camelot ဟာလည်း Movie အဖြစ်နဲ့ထွက်ရှိနေဆဲဖြစ်ပါတယ်။
ကျော်လွန်လာခဲ့တဲ့ Singularity တွေမှာ သူတို့ဟာ Servant တွေ အများကြီးနဲ့ ဇာတ်လမ်းအမျိုးမျိုးရှိခဲ့ကြပြီးတော့ အချို့က မိတ်ဆွေတွေအဖြစ် သူတို့ကို အသိအမှတ်ပြုခဲ့ကြပါတယ်။ ဒါတွေအားလုံးရဲ့ Climax ဖြစ်တဲ့ အခုဇာတ်လမ်းဟာတော့ ဒီ Singularity ခုနှစ်ခုပြီးသွားတဲ့အခါတွေ့လာရတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။
ဒီဇာတ်လမ်းမှာတော့ နာမည်အတိုင်းပဲ Solomon ဆိုတဲ့ King of Magecraft ကြီးအပေါ်ကို ဗဟိုပြုထားတဲ့ ဇာတ်လမ်းကိုမြင်ရမှာဖြစ်ပါတယ်။ ဒီအပြင်မှာ ဇာတ်လမ်းရဲ့ ကျောရိုးကြီးဖြစ်တဲ့ Main Story ရဲ့ အမှန်တရားတွေကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။

ဘယ်လိုအကြောင်းတွေကြောင့် Singularity တွေဖြစ်လာခဲ့ရသလဲ
ဘာကြောင့် လူသားမျိုးနွယ်စုက ပျက်စီးခါနီးဖြစ်နေရတာလဲ

အဲ့လိုမျိုး မေးခွန်းတွေရဲ့ အဖြေနဲ့အတူ စိတ်ဝင်စားစရာ ဇာတ်လမ်းကောင်းတစ်ခုကို တွေ့ရမှာဖြစ်ပါတယ်။
ဒီဇာတ်လမ်းမှာ ပြီးခဲ့တဲ့ Singularity က Servant တွေ ပြန်ပါလာတာကိုလည်း မြင်ရမှာဖြစ်ပါတယ်။
အံ့သြစရာ Plot Twist တွေ, Action scene တွေနဲ့ Fate/Grand Order Series ရဲ့ Arc တစ်ခုအပြီးလို့ဆိုလို့ရတဲ့
Final Singularity - Grand Temple of Time: Solomon ဟာလည်း သေချာပေါက် ကြည့်သင့်တဲ့ Fate ဇာတ်လမ်းတစ်ခုဖြစ်လာမှာ အသေအချာပါပဲ။

1080p 1.1Gb (TeraBox)


( Datbu Link ကို VPN ဖြုတ်ပြီးမှဝင်ပါ )

1080p 1.1Gb (Datbu)

 
1080p 1.1Gb (StreamSB)