The Daily Life of the Immortal King Season 2


Name The Daily Life of the Immortal King S2
Status Ongoing ( Oct 30, 2021 to ? )
Studio Haoliners Animation League
Number of episodes 12
Genres  Adventure, Comedy, Fantasy, Slice of Life

ဇာတ်လမ်းအညွှန်း

အယ်မော်တယ်တစ်ယောက်၏နေ့စဥ်ဘဝ Season 2

ပထမSeasonမှာ စွန်းယောင်ကိုပြန် အသက်သွင်းဖို့ လောကနိယာမတွေကိုဆန့်ကျင်ပြီး အချိန်စီးကြောင်းကိုပြောင်းပြန်လှန်ပစ်ခဲ့တဲ့ အင်မော်တယ်ဝမ်လင်းတစ်ယောက်အထက်တန်းကျောင်း ဒုတိယနှစ်ကိုရောက်လာခဲ့ပါပြီ။

ဒီSeasonမှာလည်း ဝမ်လင်းဟာ တိတ်ဆိတ်ငြိမ်သက်တဲ့ဘဝလေးမှာနေထိုင်ချင်နေပေမဲ့ ကမ္ဘာကြီးရဲ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ ခက်ခဲလာခဲ့ပါပြီ။

အချိန်စီးဆင်းမှုကို ပြောင်းပြန်လှန်ပစ်ခဲ့တဲ့အတွက် လူသားကမ္ဘာကြီးရဲ့ ဝိညာဥ်စွမ်းအားတွေဟာ အတော်လေးလျော့ကျသွားခဲ့ပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို စတင်ရင်ဆိုင်နေရပါပြီ။

ဘူးလေးရာ ဖရုံဆင့်ဆိုသလိုပဲ ဝမ်လင်းနဲ့သူ့ဓားပျံလေးကျင့်ခယ်တို့ရဲ့ နမော်နမဲ့နိုင်မှုကြောင့် ကမ္ဘာ့အာကာသဟင်းလင်းပြင်မှာ လေဟာနယ်အပေါက်တစ်ခုကို ဖန်တီးမိပြီး တခြားကမ္ဘာကအန္တရာယ်တွေကို ဖိတ်ခေါ်မိသလိုဖြစ်သွားပါတယ်။

တခြားကမ္ဘာရဲ့ကျူးကျော်မှုကို လူသားတွေခုခံနိုင်မလား၊ ဝမ်လင်းကရော သူတောင့်တနေတဲ့ ငြိမ်းချမ်းတဲ့ဘဝလေးကို ထိန်းသိမ်းထားနိုင်မလားဆိုတာကိုစောင့်ကြည့်ရမှာပါ။