Fate/Grand Order: Shinsei Entaku Ryouiki Camelot Part 1


ဇတ်လမ်းအညွှန်း

Camelot ဟာ Fate Grand Order ၏ ၆ခုမြောက် Singularity လည်းဖြစ်သလို ဇာတ်လမ်းပိုင်းမှာ Babylonia ပြီးရင် ဒုတိယအကောင်းဆုံးလို့လည်းပြောလို့ရပါတယ် ( ဒီထဲမှာတော့ Rush ထားပေမယ့်ပေ့ါ) 
        
       ဇာတ်လမ်းအကျဉ်းကတော့ အေဒီ ၁၂၇၃ မှာ တော်ဝင်နယ်မြေအဖြစ် သမုတ်ကြတဲ့ ဂျေရုဆလင်ဟာ ရုတ်တရတ် ကြီးမားတဲ့ ကန္တာရအဖြစ်ပြောင်းလဲသွားခဲ့တာကြောင့် မူလနေထိုင်သူများဟာအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ အဲ့အချိန်မှာ အဓိကအင်အားကြီး အဖွဲ့ ၃ ဖွဲ့လည်းစစ်ခင်းနေကြပါတယ်။
        စားပွဲဝိုင်းသူရဲကောင်းတွေနဲ့အတူ ဂျေရုဆလင်ကိုဖျက်သိမ်းပြီး တော်ဝင်မြို့အဖြစ်ပြန်ဆောက်ကာ နန်းစံလျက်ရှိတဲ့ ခြင်္သေ့ဘုရင် Arthur 
        အမည်မသိတဲ့နယ်မြေထဲကို တစ်တိုင်းပြည်လုံးနဲ့အတူ ဆင့်ခေါ်ခဲ့ရတဲ့ နေဘုရင် Ozymandias နဲ့ သူ့ရဲ့ Servant တွေ
       ထိုဘုရင် ၂ ပါးစလုံးကို မခစားချင်တဲ့သူတွေကို ကာကွယ်ပေးပြီးပြန်တော်လှန်ဖို့အခွင့်အရေးကို စောင့်စားနေတဲ့ တောင်တန်းပေါ်က အင်အားစု
       သူတို့ သုံးဖွဲ့အပြင် 6th Singularity Grail ကိုယူဖို့လာတဲ့ Chaldea က Mash တို့အဖွဲ့
        အဲ့အပြင် လမ်းမှားနေသော ခြင်္သေ့ဘုရင်ကို သုတ်သင်ဖို့အတွက် ဒီ Singulairty ကိုရောက်ရှိလာတဲ့ စားပွဲဝိုင်းသူရဲကောင်းအဖွဲ့ဝင်Bedivere 
        သူတို့တွေ လိုချင်တဲ့ပန်းတိုင်တွေရသွားမလား ဘယ်လိုမထင်မှတ်ထားတာတွေ ကြုံရမလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်ရှုစားလိုက်ပါ။

    * ဒီကားဟာ Movie Part 1 ပဲရှိပါသေးတယ် အဆုံးမသတ်သေးပါဘူး။ Part 2 ကိုတော့ အခုလာမယ့် May 14 ရက်နေ့မှာ ရုံတင်မှာဖြစ်ပြီး အကြည်ကတော့ နောက် ၆ လလောက်နေမှရမှာဖြစ်ပါတယ် **

1080p 924 MB (Google Drive)


1080p 924 MB (TeraBox)


1080p 924 MB (StreamSB)


1080p 924 MB (Datbu)