Gaikotsu Shotenin Honda-san


NameGaikotsu Shotenin Honda-san
Translator Myat Thinzar Zan
EncoderKazuma
Number of episodes 13
Genres Comedy , Slice of life 

REVIEW

ဒီကားထဲမှာ Honda ဆိုတဲ့ ကောင်လေးက တကယ်တော့ အရိုးစုလေးပါ။ ဒါပေမယ့် သူက စာအုပ်ရောင်းတဲ့သူတစ်ယောက်ဆိုလည်း ဟုတ်တယ်။ ဒီကားလေးကတော့ Honda တစ်ယောက် စာအုပ်ဆိုင် တစ်ခုဖွင့်လှစ်ခြင်းက ဝယ်ယူသူများနှင့် ကြုံတွေ့ရတဲ့ ပြသာနာထက် ပိုခက်ခဲတဲ့ ပြသာနာများရှိကြောင်းကို ပြောပြပေးသွားမယ့် ကားလေးတစ်ကားပါ။
စာအုပ်ရောင်းဝယ်ရာမှာ ရရှိတဲ့ အခက်အခဲများနှင့် စိတ်ဖိစီးမှုများကို သူရဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများနှင့် အတူတူ ဖြေရှင်းပုံ၊ လုပ်အားခပိုမရဘဲ စာအုပ်ခေါင်းစဉ်အသစ်တွေကို ပြန်လည်စီစစ်ပုံ၊ သူတို့နှင့် ဘာသာစကားမတူတဲ့ ဝယ်ယူသူများကို မည်သို့မည်ပုံ ဝန်ဆောင်မှုအပြည့်ပေးသည်ကို ပုံဖော် ရိုက်ကူး ထားခြင်းဖြစ်၍ အရိုးစုစာအုပ်အရောင်းဆိုင်ရဲ့ အခက်အခဲပြသာနာများသည် ဘယ်တော့မှ အဆုံးသတ်မည် မဟုတ်ကြောင်း ဟာသလေးရောကာ ပြသထားတဲ့ကားလေးတစ်ကားပါ။
မည်သို့ပင်ဆိုစေကာမူ Honda လေးသည် သူရဲ့အလုပ်ကို နှစ်သက်ပြီး စာအုပ်ရွေးချယ်မှုများကို အကောင်းဆုံးပြုလုပ်ကာ ဝယ်ယူသူများအား အကောင်းဆုံးသော ဝန်ဆောင်မှုများပေးနိုင်ရန် ကြိုးစား အားထုတ် လျက်ရှိတာကို ဒီကားလေးမှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။