Noblesse


NameNoblesse
Translator Bk King
Encoder KeyWalk
Number of episodes N\A
Genres  Action,School,Supernatural,Vampire

Review

Noble တွေရဲ့ ကာကွယ်သူ Noblesse အမည်ကိုခံယူထားတဲ့  Raizel က နှစ်ပေါင်း ၈၂၀ အိပ်ပျော်ရာမှနိုးထလာခဲ့ရာမှာ မရင်းနှီးတဲ့ အဆောက်အအုံတစ်ခုထဲရောက်နေတာသိလိုက်ရပါတယ်။ 

ကံကောင်းစွာနဲ့သူဟာ သူ့ရဲ့ အစေခံ Frankenstein နဲ့တွေ့ဆုံပြီး ကမ္ဘာကြီးဟာ သူအရင်နေခဲ့ ကမ္ဘာကြီး နဲ့မတူဘဲ ပြောင်းလဲတိုးတက်နေကြောင်း သိလိုက်ပါတယ်။

အဲ့အချိန်မှာပဲ လူသားတွေရဲ့ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုဟာ noble တွေကို သုတ်သင်ပြီး ကမ္ဘာကြီးကို ကြီးစိုးဖို့ ကြံစည်နေပါတယ်။

စွမ်းအားကြီးတဲ့ noble တွေကို အနိုင်ရနိုင်တယ်လို့ ယုံကြည်ထားတဲ့ အဖွဲ့အစည်းရဲ့ လျှို့ဝှက်ချက်တွေက ဘာဖြစ်မလဲ……

Raizel ကရော ဘာကြောင့် နှစ်ပေါင်း ၈၂၀ ကျော် အိပ်ပျော်သွားရတာလဲ………

Noble နဲ့လူသားတွေရဲ့ သမိုင်းကြောင်းက ဘယ်လိုဆက်စပ်နေသလဲ……

စွမ်းအားအကြီးဆုံး noble လို့ အသတ်မှတ်ခံထားရတဲ့ Noblesse ဟာ ဘယ်လိုလဲ ဆိုတာ ဒီ anime ထဲမှာ သိရှိရမှာဖြစ်ပါတယ်

စာကြွင်း - Noble ဆိုသည်မှာ လူသားများထက် စွမ်းအားကြီးမားပြီး အဆင့်အတန်းမြင့်မားသောသူကိုဆိုလိုခြင်းဖြစ်ပြီး ရှေးခေတ်လူသားများသည် noble များကို နတ်ဘုရား အဖြစ် ကိုးကွယ်ကြသည်။