Chrono Crusade


Name Chrono Crusade
Status Aired (Nov 25, 2003 to Jun 10, 2004)
Studio Gonzo
Episodes 24
Genres  Action, Historical, Romance, Supernatural

ဇာတ်လမ်းအညွှန်း

1920 ခုနှစ်‌နောက်ပိုင်း‌တွေဟာ America မှာ အရမ်း‌ကြောက်စရာကောင်းတဲ့ မကောင်းဆိုးဝါးတွေ အုံကြွလာခဲ့တဲ့ အ‌ပြောင်းအလဲကြီးမားတဲ့ ၁၀ စုနှစ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီခြိမ်းခြောက်မှုကို ရင်ဆိုင်တိုက်ခိုက်ဖို့အတွက် Order of Magdalene လို့ ခေါ်တဲ့ အဖွဲ့အစည်းကို ဖွဲ့စည်းခဲ့ပါတယ်။ New York မှာရှိတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ အခွဲကို စစ်စတာ Rosette Christopher နဲ့ သူ့ရဲ့ပါတနာဖြစ်တဲ့ Chrno တို့နဲ့ ဖွဲ့စည်းခဲ့ပါတယ်။ အန္တရာယ်ရှိတဲ့ နတ်ဆိုးတွေကို နှိမ်နင်းတဲ့နေရာမှာ ထင်ရှားတဲ့အသင်းက နာမည်ကြီးပေမယ့် သူတို့‌ကြောင့် ဖြစ်တဲ့အပျက်အစီးတွေကလည်း မနည်းပါဘူး။
ဒါပေမယ့် Rosette နဲ့ Chro တို့နှစ်ယောက်လုံးက သူတို့ရဲ့မှောင်မိုက်တဲ့အတိတ်တွေရဲ့ ရိုက်ခတ်မှုကိုလည်း ခံရပါတယ်။ မကောင်းဆိုးဝါး‌တွေကို နှိမ်နင်းရင်းနဲ့ Rosette က မကောင်းဆိုးဝါးတွေနဲ့ လူဆိုးတွေဖမ်းသွားတဲ့ သူမရဲ့မောင်ဖြစ်သူ Joshua ကို ပြန်ရှာတွေ့ဖို့ မျှော်လင့်နေခဲ့တယ်။ သူတို့နှစ်ယောက်က တိုးပွားလာတဲ့မကောင်းဆိုးဝါးတွေကို တိုက်ခိုက်ရင်း သူတို့ရဲ့မူလရင်းမြစ်ကို ရှာဖွေရင်းနဲ့ Joshua ပျောက်ကွယ်သွားရတဲ့ နောက်ကွယ်က ဖြစ်ရပ်မှန်ကို ရှာဖွေဖော်ထုတ်ကြပါတော့တယ်