Fate/Grand Order: Zettai Majuu Sensen Babylonia /Absoulte Demonic Front - Babylonia


NameFate/Grand Order
StudioUfotable
Duration24 mins per episode
Number of episodes 21
Genres Action, Fantasy, Magic, Supernatural

Review မှာ ၂ ပိုင်းပါပါမယ်။ပထမပိုင်းကတော့ "Grand Order" ဖြစ်လာပုံအကြောင်းရယ်နဲ့ ဒုတိယပိုင်းကတော့ အခု ခုနှစ်မြောက် Singularity ရဲ့အကြောင်းပဲဖြစ်ပါတယ်။
အညွှန်း
AD 2017 ဟာ မှော်အတတ်ပညာတွေရှိနေဆဲဖြစ်တဲ့ နောက်ဆုံး era တစ်ခုဖြစ်ပါတယ်။လူသားတွေရဲ့လက်နှစ်ဖက်နဲ့ လူ့အဖွဲ့အစည်းဆိုတာကြီးကိုဖန်တီးခဲ့ကြသလို မှော်ပညာရှင်တွေဟာလည်း ကမ႓ာကြီးရဲ့အမှန်တရားကိုရရှိသွားခဲ့ပါတယ်။မှော်အတတ်ပညာဆိုတာ အတိတ်ကလူသားတွေ သိပ္ပံပညာနဲ့မဖြေရှင်းနိုင်တဲ့နည်းစနစ်တွေနဲ့ဖွဲ့စည်းထားတဲ့ပညာရပ်ဖြစ်ပြီး သိပ္ပံပညာဆိုတာလည်း မှော်အတတ်နဲ့ရယူလို့မရနိုင်တဲ့အနာဂတ်လူသားတွေရဲ့နည်းစနစ်တွေနဲ့လွှမ်းခြုံထားတဲ့အရာတစ်ခုဖြစ်ပါတယ်။ မှော်ပညာရပ်နဲ့ သိပ္ပံပညာရပ်ကသုတေသနပညာရှင်တွေ၊ ပညာရှင်တွေအကုန်စုစည်းပြီး လူမှု့အဖွဲ့အစည်းကြီးမပျောက်ကွယ်သွားအောင် Chaldea လုံခြုံရေးအဖွဲ့အစည်းကြီးအောက်မှာပူးပေါင်းပါဝင်ခဲ့ကြတယ်။ဒါပေမယ့် တွက်ချက်မှုတွေအရတော့ လူသားမျိုးနွယ်ဟာ ၂၀၁၉ မှာမျိုးတုန်းပျောက်ကွယ်သွားမဲ့ဘေးနဲ့ရင်ဆိုင်နေရတယ်။ဒီလို ဖြစ်ရတဲ့အဓိကအကြောင်းအရင်ကတော့ လေ့လာကြည့်ရှုလို့မရတဲ့ နယ်မြေတွေဟာ သမိုင်းတစ်လျှောက်ခေတ်အဆက်ဆက်ပေါ်ပေါက်လာခဲ့တဲ့ "Singularies" တွေကြောင့်ပဲဖြစ်ပါတယ်။ဒါကြောင့် Ritsuka Fujimaru ဆိုတဲ့Chaldeaမှာရှိတဲ့နောက်ဆုံးသော Master ဟာ Demi-Servant ဖြစ်တဲ့ Mash Kyrielight နဲ့အတူ Singularity တွေတစ်ခုချင်းလိုက်လံဖြေရှင်းရပါတော့တယ်။
ခုနှစ်မြောက် Singularity ကြီးကိုဘီစီ ၂၆၀၀ ရှေးမက်ဆိုပိုတေးမီးယားနယ်မြေမှာတွေ့ရှိခဲ့ကြပါတယ်။ထိုနယ်မြေဟာ ထာဝရအသက်ရှင်ခြင်းကိုရှာဖွေပြီးပြန်လာတဲ့ ပညာရှိဘုရင် Gligamesh အုပ်ချုပ်တဲ့ Uruk ဒေသဖြစ်ပြီး ခမ်းနားကြီးကျယ်တဲ့နေရာလည်းဖြစ်ပါတယ်။ဒါပေမဲ့ထိုအချိန်ဟာ နတ်ဘုရားမသုံးပါးနဲ့မိစ္ဆာသားရဲတွေပေါ်မလာခင်အထိပါ။ထိုရန်သူတွေများရဲ့တိုက်ခိုက်မှု့ကြောင့် Uruk ဒေသဟာ ပျက်စီးလုနီးပါးအခြေအနေသို့ဆိုက်ရောက်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်း "Rayshift" နည်းလမ်းကိုသုံးပြီးအတိတ်ကိုပြန်လာနေတဲ့ Mash တို့ ၂ယောက်ဟာ ထိုကိစ္စထဲဝင်ပါဝင်သွားကြပါတယ်။ Mash တို့တွေ Uruk ပျက်သုဉ်းမယ့်အရေးကိုဟန့်တားနိုင်ပါ့မလား။ ခုနှစ်ခုမြောက် Singularity ကိုရော အောင်မြင်အောင်လုပ်ဆောင်နိုင်ပါ့မလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါ။