Dimension W



NameDimension W
Translator Aung Myat Min
Encoder K4
Number of episodes 12
Genres  Action,Sci-fi,Sinen

Review 

ကဲ reviewလေးပြောရမယ်ဆိုရင်တော့ ဒီကားလေးက နောင်၂၀၇၁ခုနှစ်နောက်ပိုင်းကိုအခြေခံပြီးရိုက်ထားတဲ့ကားလေးပါ။ ၂၀၃၆ခုနှစ်မှာလူသားတွေဟာစတုတ္ထမြောက် ရှုထောင့်(Dimension)တစ်ခုဖြစ်တဲ့ ရှုထောင့် W(Dimension W)နဲ့သူ့ထဲမှာရှိတဲ့သုံးမကုန်နိုင်တဲ့စွမ်းအင်တွေကို ရှာတွေ့ခဲ့တယ်။ အဲ့ဒီနက်နက်ထူးခြားတဲ့စွမ်းအင်အသစ်တွေကို ထိန်းချုပ်နိုင်ဖို့အတွက် လူတွေကရှု့ထောင့် W(Dimension W)ထဲကစွမ်းအားတွေကိုထုတ်သုံးနိုင်ွမ်းရှိတဲ့ ကွိုင်(coil)တွေကို တီထွင်ကြတယ်။ ၂၀၇၁ခုနှစ်မှာကျတော့ New Tesla Energyကော်ပိုရေးရှင်းကနေပြီးတော့ ကွိုင်ထုတ်တဲ့စက်ရုံတွေကိုလက်ဝါးကြီးအုပ်လိုက်လို့ ဈေးကွက်ထဲမှာတရားမဝင်ကွိုင်ဖြန့်ဝေမှုတွေဖြစ်လာခဲ့ရတယ်။

Kyouma Mabuchiဟာဆိုရင် ကွိုင်တွေကိုမုန်းလွန်းတဲ့အတွက် ကားဆိုရင်ဓာတ်ငွေ့သုံးကားပဲစီးတဲ့ စစ်သားဟောင်းတစ်ယောက်ပါ။ သူဟာဆိုရင် တရားမဝင်ကွိုင်တွေကိုလိုက်ယူပြီးပိုက်ဆံနဲ့လဲတဲ့ ကွိုင်လိုက်ရှာသူ(Recovery agent)တစ်ယောက်လည်းဖြစ်ပါတယ်။ တနေ့မှာသူဟာအလုပ်ကိစ္စလုပ်ရင်း ကွိုင်တွေရဲ့ဖခင်ဖြစ်သူ တီထွင်ခဲ့တဲ့ လူစိတ်ပေါက်နေတဲ့စက်ရုပ်လေးနဲ့တိုးပါတော့တယ်။ အဲ့လိုနဲ့နှစ်ယောက်သား ရှုထောင့် W(Dimension W)ရဲ့လျှို့ဝှက်ချက်တွေကိုသိအောင် ကြိုးစားရင်း ထူးဆန်းတဲ့ဖြစ်ရပ်တွေနဲ့ကြုံတွေ့ရတဲ့အခါ ဘာတွေဆက်လုပ်ကြမလဲ။ လျှို့ဝှက်ချက်တွေကိုသိရမလား?? ဘာတွေကောဆက်ဖြစ်အုံးမလဲ?? သိချင်ရင်တော့ ဒီ Dimension Wဆိုတဲ့ seriesလေးကို
 စောင့်ကြည့်ပေးကြပါခင်ဗျ……