Saihate no Paladin (The Faraway Paladin)


Name Saihate Paladin
Status Aired ( Oct 9 2021 to Jan 3, 2022 )
Studio Children's Playground Entertainment
Number of episodes Unknown
Genres  Adventure, Fantasy

ဇာတ်လမ်းအညွှန်း

ဒီတစ်ခေါက် Page ကကိုင်မယ့် ongoing များထဲမှ Faraway Paladain ဆိုတဲ့ anime လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။Fantasy အမျိုးအစားကြိုက်သူတွေအတွက် ဇာတ်ကားကောင်းတစ်ခုဖြစ်မယ်လို့မျှော်လင့်ရပြီး
Studio တက်သစ်စဖြစ်တဲ့ Children Playground Entertainment ကဖြစ်တာကြောင့် ဘယ်လိုဖြစ်လာမလဲဆိုတာကလည်း စောင့်ကြည့်သင့်ပါတယ်

ဇာတ်လမ်းအကျဉ်းလေးကတော့ လူသားမြို့တော်တွေနဲ့ ဝေးကွာတဲ့ သေဆုံးသူတွေရဲ့ မြို့တော်လို့ခေါ်တဲ့ နေရာတစ်ခုမှာ Will လို့ခေါ်တဲ့ လူသားကလေးလေးဟာ တစ်နေ့ကျ ထူးဆန်းစွာရောက်ရှိလို့နေပါတယ်။
အဲ့ကလေးလေးကိုတော့ မသေမျိုးသုံးယောက်ဖြစ်တဲ့ အရိုးခြောက်စစ်သည်တော် Blood ၊ မမ်မီသူတော်စင်မ Mary နဲ့ စိတ်ဆတ်တတ်သော တစ္ဆေမှော်ဆရာ Gus ဆိုတဲ့သုံးယောက်က စောင့်ရှောက်ပေးထားပြီးသူတို့တတ်သမျှပညာတွေကို ကလေးလေးအား သင်ကြားပေးခဲ့ပါတယ်

တစ်ရက်မှာတော့ Will ဟာ သူဘယ်သူလဲဆိုတာ သိချင်လာမှုနဲ့အတူ Faraway လို့ခေါ်တဲ့ သေလူတို့ရဲ့ နယ်မြေအကြောင်းတွေ မသေမျိုးတွေရဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေတွေ့လာတဲ့အခါ....

သူဟာ ကောင်းမွန်တဲ့ နတ်ဘုရားတွေရဲ့ အချစ် ကြင်နာမှုတွေနဲ့ လူတွေရဲ့ တစ်ယူသန်မှု ဒေါသတွေရဲ့ ဆိုးကျိုးတွေကိုပါလေ့လာခဲ့ပြီး အကုန်လုံးကိုသိရှိသွားချိန်မှာတော့ကောင်လေးဟာ Paladin တစ်ယောက်ဖြစ်လာဖို့အတွက် သူ့ရဲ့ ခြေလှမ်းတွေကို စတင်ခဲ့ပါတော့တယ်

Will ရဲ့ Paladin တစ်ယောက်ဖြစ်လာဖို့ အနာဂတ်တွေကဘာတွေဆက်ဖြစ်မလဲ သူ့ကိုစောင့်ရှောက်ခဲ့တဲ့ မသေမျိုးတွေကရောဘာတွေဖြစ်လာမလဲဆိုတာကိုတော့ ဆက်လက် စောင့်မျှော် အားပေးပေးကြပါ။