Seven Deadly Sins : the person imprisoned by the heavens ( 2018 ) mm 


 review -  စစ်ပွဲများပြီးဆုံးသွားပြီး ငြိမ်းချမ်းရေးပြန်လည်ရရှိသွားတဲ့တစ်နေ့မှာ Liones ပြည်ရဲ့ဘုရင်၊Elizabeth ရဲ့အဖေဖြစ်သူ မွေးနေ့အတွက် Melidoas ဟာ ဘုရင့်စားတော်ပွဲအတွက် စားဖိုမှူးနေရာပေးအပ်ခြင်းခံခဲ့ရပါတယ်။ဒီလိုနဲ့အကောင်းဆုံးဟင်းလျာလုပ်မယ်ဆိုပြီး ကောင်းကင်ငါးကိုရှာဖို့အတွက်တခြား ခြောက်ယောက်နဲ့အတူ နယ်စပ်ဘက်ကိုထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့ရှာဖွေရင်း Melidoas နဲ့ Hawk ဟာ ထူးဆန်းတဲ့စမ်းရေတွင်းကြီးကနေတစ်ဆင့် ကောင်းကင်ဘုရားကျောင်းဆိုတဲ့ ကောင်းကင်ပေါ်ကတစ်နေရာကိုရောက်သွားခဲ့ပါတယ်။ထိုအချိန်ဟာ Ten Commandments တွေနဲ့စွမ်းရည်ချင်းယှဉ်နိုင်လောက်တဲ့ Six Knights of Black ဟာလည်းချိပ်ပိတ်ထားတဲ့နေရာကနေထွက်လာခါနီးဖြစ်ပါတယ်။ဒီလိုမဖြစ်ရအောင်အတွက် Solaad လို့ခေါ်တဲ့ Melidoas နဲ့ဆင်တူတဲ့ကောင်လေးဟာ ကမ္ဘာမြေပေါ်ကို Oshiro-sama ဆိုတဲ့ ရှေးခေတ်စစ်ပွဲတုန်းက Black Knight ခြောက်ယောက်ကိုချိပ်ပိတ်ခဲ့တဲ့သတ္တဝါကြီးကိုရှာဖွေဖို့ဘုရားကျောင်းကနေထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့ Melidoas နဲ့Solaad တို့မတူညီတဲ့နေရာတွေရောက်သွားတဲ့အခါမှာတော့…ဘာများဆက်ဖြစ်မလဲ၊Six Knights of Black တွေကတော့ တကယ်ဘဲ ရှင်သန်လာတာလားဆိုတာကို အခုဒီ movie မှာဆက်ကြည့်လိုက်ကြပါ။

#bk

Down link