Horimiya


NameHorimiya
StatusAired (Jan 10, 2021 to Apr 4, 2021)
StudioClover Works
Number of episodes 13
Genres Romance, Comedy ,School Life, Slice of life 

ဇာတ်လမ်းအညွှန်း

ပညာရေးထူးချွန်တဲ့အပြင်ရုပ်ရည်လည်းချောမောလှပြီးလူတိုင်းလေးစားသဘောကျကြတဲ့ အထက်တန်း‌
အထက်တန်းကျောင်းသူလေး Kyouko Hori 

မိဘဖြစ်သူတွေက အလုပ်ကြောင့် အိမ်မှာသိပ်မရှိတဲ့အတွက် Hori ဟာ မောင်ဖြစ်သူကိုလည်း စောင့်ရှောက်ရ အိမ်အလုပ်တွေလည်း လုပ်ရတယ်။
ကျောင်းမှာ ပြင်ပြင်ဆင်ဆင်ရှိတဲ့အတွက် သိပ်လှတဲ့ Hori ဟာဆိုရင် အိမ်မှာကျရင်တော့ လုံးဝကို မပြင်မဆင်နဲ့ အိမ်ရှင်မပုံစံကြီးဖြစ်နေတာပေါ့။

အမြဲတမ်း ကျောင်းဝတ်စုံကို လက်ရှည်ပဲဝတ်ပြီး မျက်မှန်နဲ့ Otaku လို့ လူတိုင်းထင်ကြတဲ့ Izumi Miyamura က တစ်ကယ်တော့ ကြင်နာတဲ့လူဖြစ်ပြီး စာလုံးဝမရတဲ့သူဖြစ်ပါတယ်။
ဒါ့အပြင် သူ့မှာ ဆံပင်ရှည်နောက်မှာ ဖုံးထားတဲ့ နားပေါက် ၉ ပေါက်ရှိပြီးကျောနဲ့ ဘယ်ဘက်လက်မှာ တက်တူးတွေ ရှိနေပါတယ်။

အများအမြင်မှာ တွေ့ရတဲ့ ပုံစံနဲ့ အိမ်မှာနေတဲ့အခါ ပုံစံ...ဒီလိုမျိုးကွဲပြားနေကြတဲ့ သူတို့နှစ်ယောက် Hori နဲ့ Miyamura တို့ဘယ်သူမှမသိတဲ့ သူတို့ရဲ့ လျှို့ဝှက်ချက်ကို ဝေမျှပြီး သူငယ်ချင်းတွေဖြစ်လာခဲ့ကြတဲ့နောက်မှာတော့ ဘယ်လိုသံယောဇဉ်တွေ တွယ်လာကြမလဲဆိုတာ စောင့်ကြည့်ကြရမှာပေါ့နော်။